ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် မီးထွန်းပူဇော်ရာ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား

ဇလွန် အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ယမန်နေ့ညနေ ၆ နာရီတွင် ဆီမီးများ၊ လျှပ်စစ်ရောင်စုံမီးများဖြင့် မီးထွန်းပူဇော်ရာတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၌ လပြည့်ကျော်(၁)ရက်နေ့ အထိ လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့်ဆီမီးပူဇော်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စင်တင်တေး ဂီတ၊ အိုးစည်ဝိုင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ မီးပုံးပျံများကို ညပိုင်းတွင် လွှတ်တင်သွားမည်ဖြစ်ကြောင်း ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ ဂေါပက အဖွဲ့ထံမှ သိရသည်။

ဝေယံ-ဇလွန်