ဟိုင်းကြီးကျွန်း အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးတွင် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်) နေ့၌ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်၍ ဘုရားဖူးမိဘပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့သူ၊ မြို့သားများနှင့်ရပ်ဝေးရပ်နီးမှ လာရောက်ဖူးမျှော်ကြသည့် ဘုရားဖူး မိဘပြည်သူများသည် သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော် မြတ်ကြီးနှင့် ဟိုင်းကြီးကျွန်းမြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများအား ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်း၊ အမွှေးနံ့သာများဖြင့် ကပ်လှူပူဇော်ခြင်းများ၊ ရွှေသင်္ကန်းများကပ်လှူခြင်း၊ ဝတ္ထုငွေများဆက်ကပ် လှူဒါန်းခြင်း၊ ဥပုသ်သီလစောင့်တည်ခြင်းတို့ဖြင့် ဟိုင်းကြီးကျွန်းမြို့၌ စည်ကားလျက်ရှိကြောင်း သိရသည်။
လှိုင်မျိုးအောင်