လပွတ္တာ အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ အောင်တော်မူစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်ည(အဘိဓမ္မာအခါတော်နေ့) ညနေပိုင်းမှစတင်၍ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
လပွတ္တာမြို့ပေါ်ရှိရပ်ကွက်များနှင့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများက အောင်တော်မူစေတီတော်မြတ်ကြီးတွင် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ပန်း၊ ဆီမီး၊ ရေချမ်းတို့ကို ဆက်ကပ်လှူဒါန်းလျက်ရှိရာ ဘုရားဖူးလာပြည်သူများအား ကြက်သားဆန်ပြုတ်ဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးခြင်း၊ ဖျော်ဖြေရေးအနေဖြင့် ခေတ်ပေါ်တေးဂီတများ၊ တီးဝိုင်းများနှင့် အကအလှပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေလျက်ရှိရာ ဘုရားဖူးလာပြည်သူများဖြင့် အထူးတလည်စည်ကားလျက်ရှိကြောင်း၊ ဖျော်ဖြေရေးတေးဂီတပွဲနှင့် အကအလှပဒေသာများကို သီတင်းကျွတ်လပြည့်ကျော် (၂)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)