သီတင်းကျွတ်လပြည့်နေ့၌ သမိုင်းဝင်ဒီပါရုံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လ ဆီမီးတစ်ထောင်ပူဇော်ပွဲ ပါဝင်ဆင်နွှဲသူများနှင့် ဘုရားဖူးလာသူများဖြင့် စည်ကားသိုက်မြိုက်

ရေကြည် အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် သမိုင်းဝင်ဒီပါရုံစေတီတော်မြတ်ကြီးတွင် ယနေ့သီတင်းကျွတ် လပြည့်နေ့ညတွင် ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲ ပါဝင်ဆင်နွှဲသူများနှင့် ဘုရားဖူးလာသူများဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။

သမိုင်းဝင်ဒီပါရုံစေတီတော်မြတ်ကြီးရင်ပြင်တော်မှာ သီတင်းကျွတ်လပြည့်နေ့နဲ့ လပြည့်ကျော် ၁ ရက်နေ့ ၂ ရက်တိုင် ဆီမီးတစ်ထောင်ပူဇော်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယနေ့သီတင်းကျွတ် လပြည့်နေ့မှာ ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲ ပါဝင်ဆင်နွှဲပူဇော်သူများ၊ ဘုရားဖူးလာဧည့်သည် များနဲ့ အလွန်စည်ကားသိုက်မြိုက်ခဲ့ပြီး သီတင်းကျွတ်လပြည့်နေ့မှာ ရုံးပိတ်ရက် အလုပ်ပိတ်ရက်ဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ အလုပ်အားလပ်ရက်လည်းဖြစ်၊ အခါကြီးရက်ကြီးလည်း ဖြစ်တာကြောင့်ယခုလိုစည်ကားသိုက်မြိုက်ခြင်းဖြစ် ကြောင်းသိရသည်။

အလားတူ ရေကြည်မြို့ပေါ်ရှိ သမိုင်းဝင်ထူပါရုံ၊သီတာရုံနှင့် သမိုင်းဝင်ပဲ့နင်းကြီး မင်္ဂလာစေတီတော်မြတ်ကြီးစသည့် ဘုရားစေတီတော်များတွင် ဘုရားဖူးလာရောက်သူများ၊ ဆီမီးထွန်းညှိ ပူဇော်သူများဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)