သီတင်းကျွတ်ရုံးပိတ်ရက် ချောင်းသာကမ်းခြေတွင် လာရောက်လည်ပတ်သူများပြား

ချောင်းသာ အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ချောင်းသာကမ်းခြေသို့ သီတင်းကျွတ်ရုံးပိတ်ရက်များ ဖြစ်သည့် အောက်တိုဘာ ၄ရက်မှ ၇ရက်အတွင်း ခရီးသွားဧည့်သည်များ ယခင်နှစ်ထက် ပိုမိုလာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

ချောင်းသာကမ်းခြေသည် ကမ်းခြေရှည်လျားပြီး လည်ပတ်စရာနေရာများစွာရှိသောကြောင့် ရုံးပိတ်ရက်များအတွင်း လာရောက်အပန်းဖြေလည်ပတ်ကြရာ ယခုနှစ်တွင် ယခင်နှစ်ထက် ခရီးသွားဧည့်သည်ပိုမိုလာရောက်လည်ပတ်လျက်ရှိသည်။ ခရီးသွားဧည့်သည်များပြားစွာလာရောက်လည်ပတ်သည့်အတွက် ဒေသခံများကလည်း ဒေသထွက် အစားအစာများ၊ ပင်လယ်ထွက်အမှတ်တရပစ္စည်းများ ပိုမိုရောင်းချရသည့်အတွက် အဆင်ပြေလျက်ရှိကြသည်။ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ လာရောက်လည်ပတ်နိုင်ရေးနှင့် ကမ်းခြေသာယာလှပရေးအတွက် ချောင်းသာမြို့ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများပူးပေါင်း၍ ကမ်းခြေတစ်လျှောက် စုပေါင်းအမှိုက်ကောက်ခြင်း၊ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ကျော်ဟိန်း(ပြန်/ဆက်)