ကျိုက်လတ်မြို့နယ် တိလောကမာရဇိန်မြတ်စွာဘုရားကြီးတွင် ဘုရားဖူးလာရောက်သူများဖြင့် စည်ကား

ကျိုက်လတ် အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်းရှိ တိလောကမာရဇိန်မြတ်စွာဘုရားကြီးတွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာနေ့)၌ ဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိသည်။

ကျိုက်လတ်မြို့နယ်အတွင်းရှိ ဘုရား၊ စေတီပုထိုးများတွင် သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့မှစတင်ကာ ဘုရားဖူးလာရောက်သူများဖြင့်စည်ကားလျက်ရှိပြီး ဘုရားများတွင် ဆီမီး၊ ရေချမ်း၊ ဘုရားပန်း၊ အမွှေးတိုင် ဆက်ကပ်လှူဒါန်းခြင်းတို့ဖြင့် စည်ကားလျက်ရှိ၍ ညပိုင်းအချိန်တွင် ဆီမီးများ ဆက်ကပ်ပူဇော်ခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်