ဟိုင်းကြီးကျွန်း အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသူများသည် ကုန်းလမ်းရေလမ်းမှ သင်္ဘောများ၊ ကားများဖြင့် လာရောက်ကြပြီး ဘုရားကုန်းတော်အနီးရှိ တည်းခိုရိပ်သာများနှင့် ကုန်းတော်အောက်ရှိ အနှုတ်(၁၂) Level အတွင်း အနားယူအပန်းဖြေကြပြီး မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ ဥပုသ်သတင်းသီလဆောက်တည်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း၊ ပရိတ်/ပဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ နဂါးစာကျွေးခြင်းတို့ကို ပြုလုပ်ကြသည့်အပြင် ပင်လယ်ကမ်းခြေ၏ သဘာဝအလှများကို ကြည့်ရှုခံစားပြီး ငွေတောင်ရေချိုးဆိပ်တွင် ရေချိုးအပန်းဖြေခြင်း၊ ဟိုင်းကြီးကျွန်းပေါ်ရှိ သမိုင်းဝင်နေရာများနှင့် ဘုရားစေတီပုထိုးများအား သွားရောက်ဖူးမြာ်ခြင်း၊ ကျောက်ကလပ်သို့ သွားရောက်၍ အမှတ်တရမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသူများဖြင့် စည်ကားပြီး အစိုးရရုံးပိတ်ရက်များတွင် တည်းခိုဆောင်ပြည့်သည်အထိ နေ့ချင်းပြန် လာရောက်လည်ပတ်ကြသလို ညအိပ်တည်းခိုသူများလည်းရှိကြောင်း သိရသည်။
လှိုင်မျိုးအောင်