ကျွန်းလှ အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့ ဥပုသ်သီလဆောက်တည်ကြသူများနှင့် ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးတွင် ဗုဒ္ဓဘာသာအနွယ်ဝင် ရပ်ဝေး၊ ရပ်နီးပြည်သူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်း၊ အာဟာရဒါနကျွေးမွေးခြင်းနှင့် ဥပုသ်သီလ ဆောက်တည်ခဲ့ကြသည်။
ထို့အပြင် ပဝါရဏာပွဲတွင် ဝါတွင်းကာလ ဝါဆိုဝါကပ်ကြသော သံဃာတော်များအား သိမ်ဆင်း၌ သင်္ကန်း၊ ဝတ္ထုငွေ အစရှိသော လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်းနှင့် ဆီမီးပူဇော်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို