ဇလွန် အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်ရုံးပိတ်ရက် ယမန်နေ့ ညနေ ၆ နာရီတွင် လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် မီးထွန်းပူဇော်ရာတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှစ၍ လပြည့်ကျော် (၁)ရက်နေ့အထိ လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် ဆီမီးပူဇော်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မင်္ဂလာဆိုင်း၊ တေးဂီတဝိုင်း၊ အိုးစည်ဝိုင်းများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မီးပုံးပျံများကို ညပိုင်းတွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စဘုရားကြီး၏ ဂေါပကအဖွဲ့ထံမှ သိရသည်။
ဝေယံ