ကျောင်းကုန်း အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မဲစာရင်းများကွင်းဆင်းကြီးကြပ်ရေးအဖွဲ့(၂)မှ ဝက်ချောင်းတိုက်နယ်သို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြီးကြပ်ခဲ့သည်။
အဆိုပါ ဝက်ချောင်းတိုက်နယ် ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်၊ မြို့နယ်စာရင်းစစ်ဦးစီးမှူး ဒေါ်အိအိမောင်နှင့် မြို့နယ်တရားသူကြီး ဒေါ်ဝါဝါကျော်တို့အဖွဲ့သည် မိုးမခကျေးရွာအုပ်စု၊ မဲရုံ(၁)နှင့် (၂)အတွက် မဲဆန္ဒရှင် (၁၀၈၉)ဦးအား စာရင်းကပ်ထားရှိမှုအခြေအနေများ ကြည့်ရှုခြင်း၊ မဲစာရင်းလာရောက်ကြည့်ရှုသူများမှ သိရှိလိုသည်များကို ရှင်းလင်းဖြေကြားခြင်း၊ ယာယီနေရပ်စွန့်ခွာသူ မဲဆန္ဒရှင် (၅)ဦး၏ လျှောက်ထားမှုအခြေအနေများစိစစ်ခြင်း၊ ပုံစံ-၄ ဖြင့် ပယ်ဖျက်ရမည့်သူ (၁၇)ဦး၏ စာရင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)