ကျုံပျော် အောက်တိုဘာ ၆
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရေးအတွက် မဲစာရင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် စက်တင်ဘာ ၃၀ ရက် နံနက်မှ စတင်ကပ်ထားကြေညာပေးလျှက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ နေ့စဉ်လာရောက်ကြည့်ရှု လျှက်ရှိကြသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ ကြေငြာရာသို့မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တာဝန်ရှိသူများက တိုက်နယ်အုပ်စုများအလိုက် လိုက်လံကြည့်ရှုစစ်ဆေးပြီး မဲစာရင်းမှန်ကန် စေရေးနှင့် မဲဆန္ဒရှင်ပြည်သူများ သိလိုသည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့ကို ပေါင်းစပ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ကျုံပျော်မြို့နယ်အတွင်း ပထမအကြိမ်မဲစာရင်းအရ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေ အမျိုးသား (၆၇၉၇၈ )ဦး၊ အမျိုးသမီဂ (၇၈၆၇၇)ဦး စုစုပေါင်း (၁၄၆၆၅၅) ဦးရှိကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)