ဖြူး အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြိုနယ်၊ ဖြူးဘိုးဘွားရိပ်သာတွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို အောက်တိုဘာလ (၁) ရက်နေ့၊ မွန်းလွဲ (၁) နာရီက အဆိုပါ ဘိုးဘွားရိပ်သာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဖြူးမြိုနယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးကိုတင့်၊ ဖြူးဘိုးဘွားစောင့်ရှောက်ရေးအသင်း ကြီးကြပ်ရေးကော်မတီဉက္ကဋ္ဌ ဦးပုတိုက အဖွင့်ဂုဏ်ပြုစကား ပြောကြားသည်။
ဆက်လက်၍ တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ အဘိုး၊ အဘွား (၄၀) ဦးအတွက် ဝတ်စုံစရိတ် ထောက်ပံ့သည့် (၇၈၀၀၀၀/-) ကျပ်ကို ဖြူးဘိုးဘွားစောင့်ရှောက်ရေးအသင်းကြီးကြပ်ရေးကော်မတီဉက္ကဋ္ဌက အဘိုး၊ အဘွားများအားပြန်လည်ပေးအပ်ခြင်း၊ ရိပ်သာအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးကြသည့် အလှူရှင်စေတနာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ အဘိုး၊ အဘွားများ၏ ဖျော်ဖြေရေးအစီအစဥ်များ ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)