ချမ်းအေးသာစံ အောက်တိုဘာ ၂
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ မဲပေးနိုင်ရန်အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်တွင် ရပ်ကွက်(၂၀)ရှိရာ လာမည့်ရွေးကောက်ပွဲ၌ မဲရုံ (၇၀)ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ပထမအကြိမ် မဲစာရင်း ထုတ်ပြန်ကြေငြာမှုအရ မဲဆန္ဒရှင် (၁၀၇၉၁၅)ဦးရှိပြီး တိုင်းရင်းသားမဲဆန္ဒရှင် (၃၁၈၀)ဦး ရှိသည်။
ပထမအကြီမ် မဲစာရင်းကြေငြာထားရှိမှုအား မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြီးကြပ်စစ်ဆေး ကာ လိုအပ်သည်များကို ဖြည့်စီးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်