ပုသိမ်ကြီးမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကြေညာထားမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေး

ပုသိမ်ကြီး အောက်တိုဘာ ၂

ပုသိမ်ကြီးမြို့နယ်တွင် ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ကျင်ပမည့် ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်များစာရင်းများအား နိုဝင်ဘာ (၃၀)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားမှုအပေါ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ 

ထို့နောက်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မဲစာရင်းလာရောက်ကြည့်ရှု့သည့် ပြည်သူများအား ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို စက်တင်ဘာ (၃၀)ရက်နေ့မှ အောက်တို ဘာ (၁၃) ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် (၁၄) ရက်ကြာကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုရမည်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ရမည်ဖြစ်ပြီး၊ မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည်၊ မှတ်ပုံတင်၊ အဘအမည် စသည်တို့တွင် မှားယွင်းနေပါက ပုံစံ၄(က)ဖြင့် ပြင်ဆင်ရမည်ဖြစ်ပါကြောင်းနှင့် အထက်ပါ ပုံစံများအား ရပ်ကွက်/ကျေးရွာကော်မရှင်ခွဲများထံတွင် အခမဲ့ ထုတ်ယူနိုင်ပါကြောင်း စသည်ဖြင့် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နေလင်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစည်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)