ငဖဲမြို့တွင်း လမ်းမီးများအသစ်လဲလှယ်တပ်ဆင်

ငဖဲ စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့တွင်မြို့တွင်းလမ်းမီးအလင်းတိုင်များကောင်းစွာရရှိစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့ ပူးပေါင်းပြီး လမ်းမီးများအသစ်လဲလှယ်တပ်ဆင်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်မှူး ဦးအောင်ကျော်မင်း ဦးဆောင်သော လျှပ်စစ်ဝန်ထမ်းများက မြို့စည်ပင်လမ်းမီးတိုင်များ အလင်းရောင်ကောင်းစွာ ရရှိစေရန်အတွက် ငဖဲမြို့ဝင်ဂိတ်မှ ကျောင်းတွင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတစ်လျှောက်ရှိ လမ်းမီးပွင့်များအားစစ်ဆေး၍ လမ်းမီးသီးအလုံး ၄၀ ကို အသစ်လဲလှယ်တပ်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)