ပေါင် စက်တင်ဘာ ၂၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူ ဦးစီးဌာနရုံးမှ မုန်တိုင်းမိ၍ မျောပါလာသော ကျားဖောင်လုပ်သား(၁၅)ဦးအား စားစရိတ်နှင့်နေရပ်ပြန်စရိတ်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စက်တင်ဘာ(၃)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးမှ ငါးဖမ်းရန် ဝါးဖောင်ပြင်ထွက်ခွာစဉ် မုန်တိုင်းမိ၍မျောပါလာသော ကျားဖောင်လုပ်သား(၁၅)ဦး စားစရိတ် (၄၅၀၀၀)ကျပ်အပြင် နေရပ်ပြန်ခရီးစရိတ် (၃၈၅၀၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၅၃၀၀၀၀)နှင့် (၁၅)ဦးစာ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးဖြစ်သည့် ကျားလုံချည်၊ တီရှပ်၊ တဘက်၊ ဆပ်ပြာတို့အား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်နှင်းထက်ထက်ဟန်နှင့် ဝန်ထမ်းများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)