မင်းဘူး(စကု)မြို့နယ်၌ ကမ်းပြိုဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်

မင်းဘူး စက်တင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ချောင်းဖြူကျေးရွာ ဆားပွက်ချောင်းဘေးတွင် နေထိုင်သော ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင် မိသားစုများအား ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေများကို ယမန်နေ့ ညနေ ၃ နာရီက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့က မိုးများသည်းထန်စွာရွာသွန်းပြီး ချောင်းကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်ခဲ့သော မင်းဘူး (စကု) မြို့နယ် ချောင်းဖြူကျေးရွာအုပ်စု ချောင်းဖြူကျေးရွာမှ အိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၉) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၅၀၀,၀၀၀)နှင့် ဆန်ရိက္ခာဖိုးငွေကျပ် (၉၅,၀၀၀)၊ စုစုပေါင်း ကျပ် (၅၉၅,၀၀၀) အား မင်းဘူးမြို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအောင်မြင်နှင့် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ချောင်းဖြူကျေးရွာမှ ကမ်းပြိုဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)