ကံမ စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၁) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ကျေးရွာအုပ်စု (၃၇)အုပ်စု ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် ယမန်နေ့နံနက် (၁၁)နာရီက ဓမ္မသော်ကျေးရွာအုပ်စုနှင့် ကညင်တိုင်းကျေးရွာအုပ်စုတို့မှ တောင်သူ (၃၁၅)ဦးတို့၏ မိုးစပါးစိုက်ဧက (၇၉၂)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကျပ် (၁၁၈၈)သိန်းအား ထုတ်ပေးခဲ့ပြီး မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းကျပ်နှုန်း မြေပဲ၊ နှမ်း အစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ဘဏ်အဖွဲ့ဝင်တောင်သူများကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)