အောင်လံမြို့နယ်တွင် ပုဂ္ဂလိကဘဏ်များအား မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

အောင်လံ စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဘဏ်များအား မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးနေဖြိုးဝင်းနှင့် တပ်ဖွဲ့ဝင်များက ဘဏ်ဝန်ထမ်းများအား မီးလောင်မှု၊ မီးလှန့်မှုများဖြစ်ပွားပါက ရှောင်ရန်/ဆောင်ရန်အချက်များနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများကို လွယ်ကူလျင်မြန်စွာ အသုံးပြုတတ်စေရန် အသိပညာပေးဟောပြောခြင်းနှင့် ဘဏ်ဝန်ထမ်းများက လက်တွေ့မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)