သရက်မြို့၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ

သရက် စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကမ်းနားလမ်းဇာတ်ဆိပ်အနီး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ တက်ရောက်၍ ငါးမြစ်ချင်း၊ ငါးခုံးမကြီး ငါးအကောင်ရေ (၂)သိန်းတို့အား ဧရာဝတီမြစ်အတွင်း တစ်ပျော်တစ်ပါး ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)