စလင်း စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ပုထိုးဖြူရပ်ကွက်၊ ငွေတောင်ဦးကျောင်း၊ ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ယမန်နေ့နံနက်ပိုင်းမှစတင်ကာ မွန်းလွဲ(၁)နာရီအချိန်အထိ ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူပြည်သူများအား အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ ရဟန်းရှင်လူပြည်သူများအား ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး နာရေးကူညီမှုအသင်းမှ စေတနာဆရာဝန်(၅)ဦး တိုင်းရင်းဆေးဆရာ(၁)ဦး၊ အကြောပြင်ဆရာ(၁)ဦးနှင့် ဆေးဝါးကျွမ်းကျင် စေတနာရှင်(၃၅)ဦးတို့ကစုပေါင်း၍ အခမဲ့ကျန်းမာရေး စမ်းသပ်စစ်ဆေးကုသခြင်းနှင့် စားဆေး၊ သောက်ဆေးများ ပေးဝေခဲ့ရာ ယမန်နေ့နံနက်ပိုင်းအထိ ကျန်းမာရေးချို့တဲ့သူ ရောဂါဝေဒနာရှင် (၃၆၅)ဦးအား ကုသပေးခဲ့ကြောင်းသိရသည်။
မောင်လွင် (စလင်း)