ဟင်္သာတမြို့နယ်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ဟင်္သာတ စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ(၁)ရက်တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့မှ တပ်ဖွဲ့ဝင်များ၊ အမှတ် ၈၄ ယဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးနှင့် ရထားရဲတပ်ဖွဲ့အမှတ် ၂၀ တပ်ခွဲတို့မှ ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

အဆိုပါ သွေးလှူဒါန်းခြင်း ဆောင်ရွက်နေမှုများကို ဟင်္သာတခရိုင် ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်း ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းကျော်ဌေးနှင့် တာဝန်ရှိသူများ၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်းနှင့် တာဝန်ရှိသူတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းပေးခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အရာရှိ၊ အခြားအဆင့်နှင့် မိသားစုဝင် စုစုပေါင်း ၃၅ ဦးတို့အား တာဝန်ရှိသူများက အာဟာရဖြည့် စား‌သောက်ဖွယ်ရာများ၊ ကြက်ဥ၊ Royal D အအေးဗူးနှင့် သွေးအားတိုးဆေးများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက် (ဟင်္သာတ)