ရေနံချောင်းမြို့နယ်၌ မိုးနည်းရေရှားဒေသများနှင့်သင့်လျော်သော ယာစပါးမျိုးများ စမ်းသပ်စိုက်ပျိုး

ရေနံချောင်း စက်တင်ဘာ ၂၀

မ‌ကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မိုးနည်းရေရှားဒေသများနှင့် သင့်လျာ်သော ယာစပါးမျိုး(၃)မျိုး စမ်းသပ်စိုက်ပျိုးခြင်းနှင့် မျိုးစေ့ချကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်က သုံးဆယ့်ခြောက်ကျေးရွာအုပ်စု သုံးဆယ့်ခြောက်ကျေးရွာ ကွင်းအမှတ် ၃၂/ခ-၁၊ ဦးပိုင်အမှတ်(၁၁)၊ တောင်သူဦးခင်မောင်ဦး​၏ ယာမြေ (၁)ဧကတွင် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံ တောင်သူများက ဆန်စားသုံးမှု ဖူလုံပိုလျှံ‌စေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် မိုးနည်းရေရှားဒေသများနှင့် သင့်လျာ်သော ယာစပါးမျိုးများဖြစ်သည့် ယာ-၈၊ ရေအနည်းလို-၇ နှင့် YRR-12 စပါးမျိုးများကို မျိုးစေ့ချကွင်းသရုပ်ပြကာ စမ်းသပ်စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ ယာစပါးမျိုးများ စမ်းသပ်စိုက်ပျိုးခြင်းကို ရေနံချောင်းမြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆောင်သည့် သုံးဆယ်ခြာက်‌ကျေးရွာအုပ်စုနှင့် ဘဲဆိပ်ကျေးရွာအုပ်စုတို့မှ‌ တောင်သူ(၁၂)ဦးတို့က ရေဆင်းစိုက်ပျိုး‌‌ရေးသုတသနဦးစီးဌာနတွင် စက်တင်ဘာ ၁၃ ရက်က ပြုလုပ်သည့် တောင်သူများပူး‌ပေါင်း ပါဝင်‌သော ယာစပါးမျိုးများ‌ ရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လေ့လာခဲ့ပြီး မိုးနည်းရပ်ဝန်း ဒေသနှင့် သင့်လျော်သော ယာစပါးမျိုးများကို ယခုလို လက်တွေ့စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)