ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပန်းခြံအား ခေတ်မီပန်းခြံတစ်ခုအဖြစ်တည်ရှိစေနိုင်ရေး ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံတောင် ဒီဇင်ဘာ ၂၃

 ကိုဗစ်-၁၉ဖြစ်ပွားနေချိန်ကာလအတွင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြို့နယ်ပန်းခြံအား ယာယီပိတ်ထား သော်လည်း ပြန်လည်ဖွင့်လှစ်ပါက ခေတ်မီပန်းခြံ တစ်ခုအဖြစ်တည်ရှိစေနိုင်ရေး ပြုပြင်ပြောင်းလဲမှုများအရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက်(၁၀း၃၀)အချိန်ကပန်းခြံအရှေ့ အုတ်ရေမြောင်းတည်ဆောက်နေမှုကို  ဆက်လက်လုပ်​ဆောင်နေကြကြောင်း သိရှိရသည်။

 အဆိုပါ အုတ်ရေမြောင်းတည်ဆောက်နေရာတွင် ယခုတည်ဆောက်ပြီးစီးခဲ့သည့် အုတ်ရေမြောင်းအား အဆင့်မြှင့်တင်ကာ မြေသားနံရံ ကွန်ကရစ်ခင်းကျင်းနှင့် ရေမြောင်းနံဘေး ပန်းအလှစိုက်ပျိုးခြင်းများ ဆက်လက်ပြုလုပ်ဆောင်ရွက်သည့်အ​ခြေအနေများကို အမှတ်()တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ဦးဆောင်၍ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို တာဝန်ရှိသူများထံ ​ပြောကြားခဲ့​ကြောင်းသတင်းရရှိသည်။

အိကေသရီ(ပြန်/ဆက်)