ကသာ စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ (ဘီအီးဒီ)/ (၅)နှစ်သင်တန်း အမှတ်စဉ်(၁၃)နှင့် ပြည်ထောင်စုတိုင်းရင်း သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ပထမနှစ် သင်တန်းများအတွက် ဝင်ခွင့်စာမေးပွဲကို ယနေ့နံနက် (၉) နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဝင်ခွင့်စာမေးပွဲဖြေဆိုရာသို့ ကသာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော်စွာထွန်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်တာဝန်ခံပညာရေးမှူး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (ဘီအီးဒီ)/(၅)နှစ်သင်တန်း အမှတ်စဉ်(၁၃) တွင် ကျောင်းသား၊ ကျောင်းသူ (၉)ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ပထမနှစ်သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၇)ဦး စုစုပေါင်း (၁၆)ဦး ဝင်ခွင့်စာမေးပွဲ ဖြေဆိုခဲ့ကြကြောင်းနှင့် လူတွေ့ဖြေဆိုမှုကို စက်တင်ဘာလ (၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ကသာ)