ကသာမြို့ ပညာတံခွန်ကိုယ်ပိုင်အထက်တန်း‌ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကသာ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီခွဲအချိန်က ပညာတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်း ယာယီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးငြိမ်းက “အမှိုက်အမျိုးအစားများ ခွဲခြားစွန့်ပစ်ခြင်းနှင့် ပလပ်စတစ်ညစ်ညမ်းမှု” ခေါင်းစဉ်ဖြင့်ပြောကြားပြီး လက်တွေ့သရုပ်ပြသခြင်းကိုလည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက “ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ” ခေါင်းစဉ်ဖြင့် လည်း‌ကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စောကလျာက “လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး အသိပညာပေး video clip ကို ပြသခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၁၂၀)ဦး ခန့် တက်ရောက်ခဲ့ကြ‌သည်။

ကျော်စွာ(ကသာ)