နတ်မောက်မြို့နယ်တွင်‌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ကျေးရွာများအား ရန်ပုံငွေ လွှဲပြောင်း ပေး အပ်ပွဲကျင်းပ

                                                    နတ်မောက်  သြဂုတ်  ၄                                                      

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းခန်းမ၌ကျင်းပခဲ့သည်။                                                                                                                                                                   

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်က ကျေးရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပါတ်သက်၍  လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဝင်းသူရက ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ဆောင်ရွက်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ များက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ကျေးရွာများဖြစ်သည့် စိုင်ကောင်း၊ တက်ဝန်(မ)၊ လ-တံခွန်တိုင်  ၊ရှမ်းကုန်း၊ မှိုက်ပင် ၊ဆည်ကြီး၊ ပန်းညို ၊သရက်ချဉ် ကျေးရွာများသို့ တစ်ရွာလျှင်သိန်း(၃၀၀)ဖြင့် လည်းကောင်း၊ ညောင်အိုင်၊ အေးမြသာစည် ကျေးရွာများသို့ တစ်ရွာလျှင် သိန်း(၂၀၀)ဖြင့် လည်းကောင်း သက်ဆိုင်ရာကျေးရွာ(၁၀)ရွာရှိ ကော်မတီများထံသို့ အသီးသီးလွှဲပြောင်းပေးအပ်းခဲ့ကြောင်း သိရသည်။

လှဝင်း(ပြန်/ဆက်)