မြို့သစ်မြို့နယ်တွင် လူငယ်ပညာပေးဟောပြောပွဲနှင့် ပြပွဲ ဆောင်ရွက်

မြို့သစ် စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို စက်တင်ဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက တလုပ်ပင်ကျေးရွာအုပ်စု၊ တလုပ်ပင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ ပလတ်စတစ်အသုံးပြုမှုလျှော့ချရေးနှင့် ပလတ်စတစ်၏ဆိုးကျိုးများအကြောင်းကိုလည်းကောင်း၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင် ဆရာဦးတင်မောင်ဝင်းက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ ဆရာဦးဌေးလွင်က စာပေဖတ်ရှုခြင်းဆိုင်ရာ အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျောင်းသားကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးစာအုပ်စာစောင်များခင်းကျင်းပြသရာ   စိတ်ပါဝင်စားစွ ာလေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)