တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်း၌ ကလေးများအား စက္ကူဖြင့် အရုပ်ခေါက်ပြခြင်း ဆောင်ရွက်ပေး

တာလေ စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်  ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ စက္ကူဖြင့်အရုပ်ခေါက်ပြခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ)ဒေါ်ရီရီထွန်းက စက္ကူဖြင့်အရုပ်ခေါက်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြပြီးနောက် အရုပ်ခေါက်ခြင်းများကို လိုက်ပါဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စက္ကူဖြင့်အရုပ်များခေါက်ပြခြင်းသည် ကျောင်းသား၊ ကျောင်းသူများအား အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားရရှိစေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်ဆက်)