ရွှေသောင်ယံ စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရုံး Community Centre ခန်းမတွင် ယနေ့နံနက် (၁၁) နာရီက Book Club အဖွဲ့ဝင်များနှင့် မောင်မင်းစိုးရေးသားသော “မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ဆွေးနွေးရာ၌ ဘဝရဲ့အောင်မြင်ရေးလမ်းကြောင်းပေါ်ကို တဖြည်းဖြည်း တက်ရမှာဖြစ်ကြောင်း၊ စိတ်ဓါတ်ကျခြင်းဟာ အထက်တက်နိုင်ဖို့အတွက် အပိတ်အဆို့၊ အတားအဆီးသာဖြစ်ကြောင်း၊ မကောင်းသောဝါသနာနှင့်ဗီဇများကို ဖျောက်ဖျက်ပစ်ရမှာဖြစ်ကြောင်း၊ ဘဝတိုးတက်ရန်သာမာန်ထက် ပို၍တိုးတက်လိုစိတ်သည် အောင်မြင်မှုကိုရရှိစေတာ ဖြစ်ကြောင်းစသည်ဖြင့် “မအောင်မြင်ခြင်းရဲ့ဇစ်မြစ်များ” စာအုပ်ပါအကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းသို့ ရပ်ကွက်အတွင်းရှိ Book Club အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)