လှည်းကူးမြို့နယ်၌ Drum Seeder များ စမ်းသပ်သရုပ်ပြပွဲပြုလုပ်

 

လှည်းကူး  စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် သနပ်ပြင်ကျေးရွာ၊ ကွင်းအမှတ်(၁၀၅၇က)၊ ဦးပိုင်အမှတ် ၅၇-က၊ တောင်သူ ဦးအောင်လွင်၏ လယ်(၁)ဧကပေါ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တောင်သူများထံသို့ ဖြန့်ဖြူးပေးမည့် Drum Seeder များ စမ်းသပ်သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ 

ထိုသို့ စမ်းသပ်သရုပ်ပြဆောင်ရွက်ရာတွင် စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးတင်မောင်ကြည်နှင့် ခရိုင်မြို့နယ်မှ ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမြင့်ဆွေနှင့် ခရိုင်၊ မြို့နယ်မှ ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ၊ တိုက်ကြီး၊ မှော်ဘီ၊ ထန်းတပင်မြို့နယ်နှင့် သန်လျင်မြို့တို့မှ တောင်သူ(၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာကြသော တောင်သူများကလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဖြူးပေးမည့် Drum Seederများအား ကွင်းအတွင်း လက်တွေ့စမ်းသပ်သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းအဆင့် မြေ၊ မျိုး၊ ပိုး တာဝန်ခံများက ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးထုတ်လုပ်ရေးအတွက် တောင်သူများကို နည်းပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)