အောင်လံ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးနေဖြိုးဝင်းနှင့် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ပစ္စည်းများဖြစ်သည့် မီးချိတ်/မီးကပ်၊ သဲ၊ မီးသတ်ဆေးဘူး၊ အပေါ့စားမီးသတ်စက်၊ ပိုက်လိပ်၊ ပိုက်ခေါင်း၊ အမြှပ်ဆေးရည်၊ မီးသတ်ရေကန်များအား အသင့်အသုံးပြုနိုင်ရေးစစ်ဆေးခြင်းနှင့် စက်သုံးဆီအရောင်းဆိုင်ရှိ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)