မအူပင် စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်း သွေးလှူဒါန်းခြင်း အခမ်းအနားအား ယနေ့နံနက် (၉)နာရီက မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်း သွေးလှူဒါန်းခြင်းအခမ်းအနားအား မအူပင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအေးလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးခင်မောင်ညွန့်တို့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့မရဲစခန်းမှူး မင်မြတ်စောဝင်း ဦးဆောင်၍ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ အမှတ် (၈၂) ယဉ်ထိန်းရဲ တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၄၀)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းမှုအား မအူပင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးလွင်၊ မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ခင်မောင်ညွန့်နှင့် မြို့မရဲစခန်းမှူးမင်းမြတ်စောဝင်းတို့မှ ကြည့်ရှုအားပေးခဲ့ကြပြီး မအူပင်ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် မြို့မရဲစခန်းမှူးတို့မှ ကြက်ဥများ၊ အချိုရည်များစသည့် အာဟာရပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်စွာလွင်မှ ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့ရာ ဒုတိယရဲမှူးကြီးအေးလွင်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်