ဟင်္သာတ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း အမျိုးသားခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲနှင့် ဟောပြောပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားတွင် ဟင်္သာတခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သော ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ Message Video Clip နှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာနေ့ အထိမ်းအမှတ် Video Clip အားပြသခဲ့ပါသည်။
ထို့နောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်းနှင့် တက် ရောက်လာသော တာဝန်ရှိသူများမှ ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားသို့ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်းနှင့် ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲထွဋ်ကျော့သဇင်၊ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဦးထင်အောင်ကျော်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီး အရာရှိဒေါ်အေးအေးမာနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီး ဦးမောင်ဦးနှင့် ကျောင်းဆရာ၊ ကျောင်းဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)