အင်္ဂပူ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုအိတ်ချိန်းတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက အော်တိုအိတ်ချိန်း အဆောက်အဦအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
အင်္ဂပူမြိုနယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ၌မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ မီးဘေးအသိပညာပေးလက်ကမ်းများ ဖြန့်ဝေခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြိုနယ်မီးသတ်ဦးစီးဌာနမှသိရသည်။
မန်းကျော်(ပြန်/ဆက်)