ကန်ကြီးထောင့်မြို့နယ်၌ ဓာတ်မြေဩဇာအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

ကန်ကြီးထောင့် စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ ဓာတ်မြေသြဇာအရောင်းဆိုင်များ၌ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီကဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး၏လမ်းညွှန်မှုဖြင့် လက်‌ထောက်မီးသတ်ဦးစီးမှူး ဦးနိုင်သက်လင်း ဦးဆောင်၍ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များက ဓာတ်မြေသြဇာအရောင်းဆိုင်များတွင် Ammonium Nitrate ပါဝင်သည့်ဓာတ်မြေသြဇာများ ရောင်းချမှုရှိ/မရှိ စစ်‌ဆေးခြင်း၊ အရောင်းဆိုင်အတွင်းအသုံးပြုလျက်ရှိသော လျှပ်စစ်ပစ္စည်းများ ကောင်းမွန်မှုရှိ/မရှိစစ်ဆေးခြင်း၊ ရေရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ စစ်ဆေးခြင်း၊ မီးသတ်ယာဥ်များ အလွယ်တကူဝင်ရောက်နိုင်မှုရှိ/မရှိ စစ်ဆေးခြင်း၊ ဘေးပတ်ဝန်းကျင် မီးကူးစပ်ပြန့်ပွားနိုင်ခြင်းရှိ/မရှိ အခြေအနေများစစ်ဆေးခြင်း၊ မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများနှင့် မီးသတ်ဆေးဘူးထားရှိမှုအခြေအနေများ စစ်ဆေးခြင်းဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရန် လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)