စက်မှုလယ်ယာဦးစီးဌာ၊ အမှတ်(၅၁)စက်မှုလယ်ယာစခန်း၊ ပုသိမ်မြို့တွင် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်လှစ်

ပုသိမ် စက်တင်ဘာ ၁၆

 ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းကို ယမန်နေ့က စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅၁) စက်မှုလယ်ယာစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်စီမံကိန်းဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာန၊ ပုသိမ်ခရိုင် ဦးစီးဌာနမှူးက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်လျက်ရှိရာ ရိတ်သိမ်းခြွေလှေ့စက်များကို လုပ်ငန်းခွင်တွင် စနစ်တကျ နည်းမှန်လမ်းမှန် အန္တရာယ်ကင်းစွာ သုံးစွဲတတ်စေရန်၊ ကျွမ်းကျင်စွာ မောင်းနှင်ထိန်းသိမ်းတတ်စေရန်၊ စပါးအလေအလွင့် နည်းပါးစေရေးအတွက် စနစ်တကျချိန်ညှိတတ်စေရန်ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 

အဆိုပါသင်တန်းအား စက်တင်ဘာ (၁၅) ရက်နေမှ စက်တင်ဘာ(၂၆)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား (၂၅)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)