ငပုတော စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီမှ ဆောင်းသီးနှံ(နေကြာ)စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံးအစည်းအဝေးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများတက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးထုတ်လုပ်မည့် ကျေးရွာများသို့ စီမံကိန်းတာဝန်ပေးအပ်ရခြင်းနှင့်ပတ်သတ်၍ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မြေစာရင်းဦးစီးမှူး ဦးမင်းဇင်နိုင်က နေကြာစိုက်ပျိုးမည့် ကျေးရွာအုပ်စုများသို့ စီမံကိန်းတာဝန်ပေးအပ်ရခြင်းပတ်သတ်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ဆီထွက်သီးနှံနေကြာ စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)