(၂၀၂၅)ခုနှစ်၊ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

တောင်ငူ စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌမှ ကြီးမှူး၍ ခရိုင်အတွင်းဘောလုံးအားကစား တိုးတက်မြင့်မားလာစေရန်၊ အရည်အသွေးကောင်းမွန်ပြီး လေ့ကျင့်မှုပြည့်ဝကာ ပြိုင်ပွဲအတွေ့အကြုံများ၊ နည်းစနစ်ကောင်းများနှင့် ပြည့်စုံ၍ ထူးချွန်ထက်မြက်သည့် လူငယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ ဒေသတွင်းမှ ပြည်သူများ ဘောလုံးအားကစားကို စိတ်ပါဝင်စားသူ များပြားလာစေရန်ရည်ရွယ်ကာ (၂၀၂၅)ခုနှစ် တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် ​အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား တောင်ငူခရိုင် ()မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ခရိုင်အားကစားကွင်းအတွင်း၌ စက်တင်ဘာ ၁၁ ရက်နေ့မှ စတင်၍ အုပ်စုပွဲစဥ်များ၊ အကြိုဗိုလ်လုပွဲစဥ်များ ယှဥ်ပြိုင်ခဲ့ပြီး စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဗိုလ်လုပွဲ ယှဥ်ပြိုင်ကစားသည်။

ထိုသို့ဗိုလ်လုပွဲစဥ် ယှဥ်ပြိုင်ကစားရာတွင် တောင်ငူမြို့နယ်အသင်းက ထန်းတပင်မြို့နယ်အသင်းကို (-) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုရရှိသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဟန်မင်းဦးနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ပွဲစဥ်တလျှောက် အကောင်းဆုံးကစားသမားဆု၊ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးသမားအကောင်းဆုံးဆု၊ ဒုတိယဆုရရှိသော ထန်းတပင်မြို့နယ်အသင်းနှင့် ပထမဆုရရှိသော တောင်ငူမြို့နယ်အသင်းတို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။ ထို့နောက် တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဟန်မင်းဦးက တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလားကို ပထမဆုရရှိသော တောင်ငူမြို့နယ်အသင်းအား ပေးအပ်ခဲ့ကြောင်းသိရသည်။

ဇော်ကိုကို (တောင်ငူ)