ပေါင်းတည် စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ကျေးရွာများတွင် လယ်ယာစိုက် ပျိုးရေးလုပ်ငန်းများအပြင် နေအိမ်ခြံဝင်း မြေလွတ်များတွင်လည်း သံပုရာပင်၊ ရှောက်ပင်၊ ကြောင်လျှာပင်၊ ဂွေးတောက်ပင်၊ သင်္ဘောပင်၊ ငှက်ပျောပင်၊ ဩဇာပင်နှင့်ဆူးပုတ်ပင်များစိုက်ပျိုး ထားရှိကြကာ ယင်းသီးပင်စားပင်များမှ ထွက်ရှိသည့်အသီးအရွက်များကို ရောင်းချ၍ မိသားစုအပိုဝင်ငွေများရရှိလျက်ရှိကြောင်းသိရသည်။
ပေါင်းတည်မြို့နယ် ရန်ကုန်-ပြည်ကားလမ်းဘေးရှိ ဝက်ပုတ်၊ နတ်ပုတီးနှင့်ဘိုးသာ အောင်ကုန်း ကျေးရွာများရှိ ကုန်စိမ်းအဝယ်ဒိုင်များက နေ့စဉ် ဒေသထွက် သစ်သီးဝလံ အသီးအနှံများကို စိုက်ပျိုးသူများထံမှ နေ့စဉ်ဝယ်ယူကာ ရန်ကုန်မြို့ သစ်သီးဝလံ နှင့်ဟင်းသီး ဟင်းရွက် ဈေးကွက် များသို့တင်ပို့ ရောင်းချလျက်ရှိသည်။
ဒေသခံတောင်သူများသည် ခိုင်မာသည့်ဈေးကွက်၊ ဝယ်လိုအားနှင့် ဈေးနှုန်းကောင်းများ ရရှိနေခြင်းတို့ကြောင့် ခြံဝိုင်းအတွင်း နေရာလွတ်မထားတော့ပဲ မြေများပြုပြင်ကာ တန်ဘိုးမြင့်ရာသီအလိုက်စားပင်သီးပင်များနှင့် နှစ်ရှည်စားပင်သီးပင်များတိုး ချဲ့စိုက်ပျိုးလျက်ရှိကြောင်း ကြောင့်လျှာပင်၊ ဒန့်သလွန်၊ ငှက်ပျောနှင့် သင်္ဘောပင်များစိုက်ပျိုးထားသူ တောင်သူများထံမှ သိရှိရသည်။
ရွှေသား(IPRD)