နတ်မောက်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

နတ်မောက် စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှူးနှင့် ဆရာကြီးများက ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ရာ နတ်မောက်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) ကျောင်းများရှိ ကျောင်းသား/သူ(၈)ဦးတို့က “လူမှုဘဝမြင့်မားဖို့ စာဖတ်ရှိန်မြှင့်တင်စို့” နှင့် “ပျားကိုပုံတုစာပေစုစာကြည့်တိုက်ကို ဗဟိုပြု” ခေါင်းစဉ်များဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား/သူများအား ဆုများကို ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

လှဝင်း