အိမ်မဲမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား စိုက်/မွေးတက္ကသိုလ်(မအူပင်) တတ်ရောက်နိုင်ရေးအတွက် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

အိမ်မဲ စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်) တတ်ရောက်နိုင်ရေးအတွက် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦး ကအဖွင့် အမှာစကားများကိုပြောကြားခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာသန်းဌေး​၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသန္တာအောင်တို့က စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်) ပထမနှစ် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ယူသည့် အချက်အလက်များအား အသီးသီးရှင်းလင်း ပြောကြားပေးခဲ့သည်။

ဆက်လက်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်နှင့် ပတ်သက်သည့် Video Clip များအား ပြသပေးခဲ့ပြီး အခမ်းအနားသို့ ကျောင်းအုပ်ကြီးဆရာ/မကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်