မြစ်သား စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်း ရေးဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ဆေးရုံဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဌေးဝင်းဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့ရုံးမှအရာရှိများနှင့် မြို့မရဲစခန်းမှစခန်းမှူး လင်းလင်းထွန်းနှင့်တပ်ဖွဲ့ဝင်များ အင်အားစုစုပေါင်း (၂၅) ဦးတို့မှ ပြည်သူ့ဆေးရုံဝန်းအတွင်း၊ အပြင်ရှိအမှိုက်များ၊ သစ်ရွက်ခြောက်များရှားရှင်းလင်းခြင်း၊ သစ်ပင်များ၊ သစ်ကိုင်း၊ ခြုံနွယ်များရှင်းလင်းခြင်း အမြင်တင့်တယ်စေရေးနှင့် လေဝင်/ လေထွက်ကောင်းမွန်စေရေး ခုတ်ထွင်ဖယ်ရှား ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)