နတ်မောက် စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၅)နှစ်အထက် အဘိုး/အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် စမ်းသပ်စစ်ဆေး ကုသမှုများ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
ထို့သို့စစ်ဆေးကုသမှုများဆောင်ရွက်ခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး(၁)နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါဆိုင်ရာစစ်ဆေးပေးခြင်းနှင့် အခြေခံရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်း စသည့် ရောဂါလက္ခဏာများကို စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း