တွံတေး သြဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာနမှ လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းကို ရပ်ကွက်၊ ကျေးရွာများမှ ကလေးငယ်များအား ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ စုရပ်များတွင် ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးရာတွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ် အလိုက် ဘီစီဂျီ၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ဗီစီဗွီ)၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှောရောဂါ (ရိုတာကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုရောဂါ ကာကွယ် ဆေး(၉)မျိုးကို ထိုးနှံပေးပြီး ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးကိုလည်း တိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ် ကျန်းမာရေးမှူး အဆင့်(၁) ဦးလှစိုးထံမှ သိရှိရသည်။
ထိုအပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များကို ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်းများကို ရပ ကွက်၊ ကျေးရွာစုရပ်များတွင် အသိပညာပေးခြင်းများ၊ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို လစဉ် လဆန်း ၁ ရက်နေ့မှ စတင်၍ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက် ကျန်းမာရေးဌာနခွဲများနှင့် ရပ်ကွက်၊ ကျေးရွာစုရပ်များတွင် ထိုးနှံ၊ တိုက်ကျွေး ပေးလျက်ရှိကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)