လေရှီး စက်တင်ဘာ ၉
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ အ.ထ.ကကျောင်း သီတဂူဆောင်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြနကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လမားရဲက "ကလေးအလုပ်သမား" အဓိပ္ပါယ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများ နှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးစံကျော်ဦးက "လုပ်သားလိုအပ်ချက်နှင့် ကလေးအလုပ်သမားပပျောက်ရေး" ခေါင်းစဉ်ဖြင့် ကလေးအလုပ်သမားအဖြစ် တွန်းပို့စေသည့် အကြောင်းအရင်းများ၊ ရှောင်ကျဉ်ရမည့်နည်းလမ်းများ၊ ပူးပေါင်းပါဝင်ဆောင်ရွက်သင့်သည့် အခြေခံအချက်များနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစံကျော်ဦး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးဆွမ်းမီနှင့် ဝန်ထမ်းများ၊ အထကကျောင်းအုပ်ကြီး ဒေါ်စာရာမေရိသေးနှင့် ဆရာ/မများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း(၁၈၄) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
လေရှီး(ပြန်/ဆက်)