နမ္မတူတွင် အသက် (၆)လမှ (၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေး ဆောင်ရွက်မည်

 

နမ္မတူ    ဩဂုတ် ၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေး ဌာနမှ ဩဂုတ်လ (၅)ရက်နေ့မှစတင်ကာ အသက် (၆)လမှ (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက် (၆)လမှ (၅)နှစ် အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးဆောင်ရွက်ရာတွင် ဩဂုတ်လ (၅)ရက်နေ့ တွင် နမ့်ပါလေ၊ မိုင်းဆင်၊ နားနောင်၊ မိုင်တပ်ကျေးရွာအား ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ် တွင်လည်းကောင်း၊ ဩဂုတ်လ (၆)ရက်နေ့တွင် ပန်ဟိုက် ရက်ကွက် ၁၊ ၂၊ ၃၊ ၄၊ ၉၊ ၁၀ နှင့် ပန်ကွဲကျေးရွာအား ပန်ဟိုက်ရပ်ကွက် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် လည်းကောင်း၊ ဩဂုတ်လ (၇)ရက်နေ့တွင် ပန်ဟိုက်ရပ်ကွက် ၅၊ ၆၊ ၇နှင့် မန်မွန်းကျေးရွာအား ပန်ဟိုက်ရပ်ကွက် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် လည်းကောင်း၊ ဩဂုတ်လ (၁၀)ရက်နေ့တွင် ဆိုက်ခေါင်ကျေးရွာအုပ်စုအား ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံး၌လည်းကောင်း၊ ဩဂုတ်လ (၁၁)ရက်နေ့တွင် ပန်ဟိုက်ရပ်ကွက် ၈၊ ကြူဆော့ကျေးရွာ၊ နမ္မလကျေးရွာ၊ ကြူဆော့ (IDP)စခန်း၊ ကချင် (IDP)စခန်း၊ လီဆူ (IDP)စခန်းတို့အား ပန်ဟိုက်ရပ်ကွက် ၈ အရန်သားဖွား နေအိမ်နှင့် ကြူဆော့ ကချင်ဘုရားရှီခိုးကျောင်း၌လည်းကောင်း၊ ဩဂုတ်လ (၁၂)ရက်နေ့တွင် ခိုဖိတ်ကျေးရွာ အုပ်စုနှင့် အမှတ် (၃၂၄) ခြေမြန်တပ်ရင်းတို့အား ခိုဖိတ်အရန်သားဖွားနေအိမ်တွင် လည်းကောင်း၊ ဩဂုတ်လ (၁၃)ရက်နေ့တွင် သ.တ.လ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ တို့အား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လည်းကောင်း၊ ဩဂုတ်လ (၁၄)ရက်နေ့တွင် သ.တ.လ ရပ်ကွက် ၅၊ ၆၊ ၇ တို့အား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လည်းကောင်း တိုက်ကျွေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေး ဌာနမှ သိရှိရသည်။

လူမော်(ပြန်/ဆက်)