မော်လမြိုင်မြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

မော်လမြိုင် စက်တင်ဘာ 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် အောက်တိုဘာ (၁)ရက်နေ့တွင် ကျရောက်မည့်  (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက  အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မော်လမြိုင်ခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ထွန်းနှ င့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး‌အောင်မြင့်ဌေးတို့က ဦးဆောင်၍ မော်လမြိုင်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိများနှင့်တပ်ဖွဲ့ဝင် အင်အားစုစုပေါင်း (၁၀၀) ဦးတို့မှ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းဝန်း အတွင်း၊ အပြင် သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များ၊ သစ်ရွက်ခြောက်များ ဖယ်ရှားရှင်းလင်းခြင်း၊ သစ်ပင်များ၊ သစ်ကိုင်း၊ ခြုံနွယ်များ ရှင်းလင်းခြင်း အမြင်တင့်တယ်စေရေးနှင့် လေဝင်/လေထွက် ကောင်းမွန်စေရေး  ခုတ်ထွင် ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်