အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးခြင်း နမ္မတူ၌ ဆောင်ရွက်

နမ္မတူ    ဩဂုတ် ၅

နမ္မတူတွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးကျန်းမာ ရေးဌာန၌ ယမန်နေ့ နံနက်(၉)နာရီခွဲက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးဆောင်ရွက်ရာတွင် ဩဂုတ်လ (၂)ရက်နေ့နှင့် (၄)ရက်နေ့တွင် နမ္မတူမြို့နယ် အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား အသက်အရွယ်အလိုက် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်၊ ပြင်းထန် အဆုတ်ရောင်၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီး၊ ပိုလီယိုရောဂါ ကာကွယ်ဆေးကိုလည်း  တိုက်ကျွေးဆောင်ရွက်ပေးခဲ့ကြောင်း အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်နန်းမိုဟွမ်ထံမှ သိရှိရသည်။

လူမော် (ပြန်/ဆက်)