ကွန်ဟိန်းမြို့၌ မြို့နယ်အဆင့် ကျောင်းအားကစားလူရွေးပွဲကျင်းပ

ကွန်ဟိန်း စက်တင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံမှ (၁၄) ကြိမ်မြောက်၊ ဆီးဂိမ်းအားကစားပြိုင်ပွဲအတွက် မြို့နယ်အဆင့်လူရွေးပွဲကို ယနေ့နံနက် ၉ နာရီခန့်က အမှတ်(၃) ရပ်ကွက်ရှိ တပ်နယ်အားကစား ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ အားကစားလူရွေးပွဲတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကျား/မ ဘောလုံး၊ ကျား/မ မီတာ (၁၀၀၊၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀၊ ၃၀၀၀) အပြေးပြိုင်ပွဲ၊  သံလုံးပစ်၊ သံပြားဝိုင်းပစ်၊ လှံတံပစ်၊ အလျားခုန်၊ အမြင့်ခုန်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ကွန်ဟိန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထက်၊ လယ်ဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၀) ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ကျောင်းသားအားကစားလူရွေးပွဲများ ကျင်းပနေမှုကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးခွန်မောင်ရွှေနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အားကစားအလိုက် ထူးချွန်သော အားကစားသမားများကို ရွေးချယ်၍ ခရိုင်အဆင့် ကျောင်းသား အားကစားပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

မြို့နယ်(ပြန်ဆက်)